မြန်မာကဗျာများစုစည်းမူ

နွယ်ပင် နဲ့ စင်

 

 

နွယ်ပင်ရေ....
မင်းဘ၀ရှေ့ရေးအတွက်
ငါဟာ မခိုင်တော့တဲ့
ယိုင်နဲ့နဲ့စင်တခုမှန်းသိပါတယ်
နွယ်ပင်နဲ့စင် အတူတူနေလာကြတဲ့ ကာလ
သံယောဇဉ်အားကိုးနဲ့
နင်ဟာနွယ်ပင်တပင်ပဲဆိုတာကို
မေ့မေ့လျှော့လျှော့နဲ့
ငါ့မှာရှိသမျှယိုင်နဲ့နဲ့အားလေးနဲ့
နောက်ဆုံးအချိန်ထိတောင့်ခံထားပေးခဲ့တယ်နော်
နွယ်ပင်ရေ....

မင်းကတော့နွယ်ပင်တို့ရဲ့သဘာဝအတိုင်း
ယိုင်နဲ့နဲ့စင်အဟောင်းကိုပစ်ခွာပြီး
ခိုင်မာတောင့်တင်းတဲ့စင်အသစ်ပေါ်ကို
ွံကြွကြွရွရွလှမ်းသွားခဲ့ပြီ
နွယ်ပင်ရေ...

မင်းလဲတစင်ပြီးတစင်ပြောင်းရင်း
တော်တော်တောင်ရင့်ရော်ခဲ့ပြီနော်
ခုချိန်မှာတော့စင်အသစ်ပေါ်မှာကိုယ်ရောင်ကိုယ်ဝါတောက်ပစွာနဲ့
ကိုထီး ရဲ့ဒီဘဝချစ်ရမှသေပျော်မှာ
သီချင်းလေးညည်းနေမလား၊

နွယ်ပင်ရေ...
ဘယ်လိုပဲမင်းနေနေ မင်းရဲ့စင်အဟောင်းကတော့
နွယ်မဟုတ်တဲ့အပင်လေးတွေနဲ့မိတ်ဆွေဖွဲ့ရင်း
မင်းအတွက်ဆုတောင်းပေးနေဆဲပါ။

 

....ရင်ခတ်သံနဲ့ လွမ်းတဲ့ည....

ဒီညပေါ့

တိက်ဆိတ်မှုတွေအဖော်ပြုရင်း

ငါ့ဘောင်ခပ်ကျဉ်းကျဉ်းထဲ

ရာသီတွေနောက်ပြန်ရစ်ကြည့်တာ

ရင်ဘက်တောင်“ဟ”တယ်

တိက်ဆိတ်ညာဥ့်နက်

ငါ့နဘေးမှာ

ခေါင်းစဉ်မဲ့အပိုင်းဆတွေပြန့်  ကြဲလို့

ရင်ခတ်သံခပ်တိုးတိုးကို

ပြန်ကြားမိတဲ့ထိ

ငါ့ပျော်ရွှင်မှုတွေခြောက်ကပ်လိုက်ပုံများ

မျက်ရည်တွေတောင်လှိုင်း“ထ”တယ်

အပျော်တွေပတ်ပျိုးတိုင်း

ခေါက်ရိုးကျိုးအလွမ်းတွေက

က“ခုန်”လှောင်ပြကြလို့

စိတ်ဓါတ်တွေလက်မှိုင်ချ

ဒီညပေါ့ .....

ငါ .......................

ရင်ခတ်သံနဲ့ပဲ မိုးလင်းလိုက်ရတယ် ..........။

ချစ်သူသို့ 

ဆောင်းဦးလေပြေတွေများလား
သူမဆံနွယ်တွေကိုဆော့ကစားနေတာ
တချို့ တ၀က် ဝေ့တက်လာတာကိုမြင်ရတယ်...
ကျွှန်တော့လက်တွေး ကမ်းလင့်မိတော့မလိုပဲ
ခမ်နားစွာနဲ ချစ်မိသွားတယ်။

သူမရဲ့ ဆံနွယ်လေးတွေကို
ချစ်တယ်...
သူမရဲ့ မျက်ဝန်းနက်ကလေးတွေကို
ချစ်တယ်...
သူမရဲ့ နှင်းဆီရောင်ပါကလေးတွေကို
ချစ်တယ်...
သူမှရဲ့ နှုတ်ခမ်းနှစ်လွာကို
ချစ်တယ်....။
ရူးသွပ်တယ်လို့ ခေါ်နိုင်ပါတယ်...
ကျွှန်တော်သူမ ကိုချစ်တယ်။

ကျွှန်တော့ အိမ်မက်တွေကိုတော့
သူမ မသိမ်းပိုက်ပါဖူး....
ကျွှန်တော်က အသုံးပြုပေးဖို့ 
တောင်းဆိုလိုက်တာ။
(ဟော... သူရယ်နေတယ်)

ရင်ခုန်သံခြင်း ရင်းနှီးဖို့ အတွက်
ငါ ဘာတွေများပေးဆပ်ကဦးမလဲကွယ်..
အသင့်ရှိနေပါတယ်။
poemconer:luthit

ထီးတစ်ချောင်းသာယူခဲ့ပါ

နေ၀င်ချိန်မှာတောင်
လက ငါ့အတွက်မဟုတ်ခဲ့ဘူး
တိမ်ငိုချိန်မှာလည်း
ထီးက တခြားသူခေါင်းပေါ်မှာ
ဧည့်သည်အဖြစ်ရှိနေခဲ့တယ်။
ငါသောက်တဲ့ အရက်ပြင်းတစ်ခွက်က
သူတို့သောက်တဲ့ ၀ိုင်ချိုတစ်စက်လောက်
ဈေးမရှိဘူးတဲ့...
ဆောင်းတွင်းဘက်မှာ
စွပ်ကျယ်နဲ့နေရတဲ့ငါ့ဘ၀ကို
တောင်ဝန်ရိုးစွန်းကငှက်တွေက
ထူးဆန်းလို့တဲ့လေ
အိမ်တစ်လုံးတော့လိုချင်ပေရဲ့
သွပ်တစ်ဖိုးကနေ ငါ စစုဆောင်းရမယ်
ဒါကြောင့်
ငါ့ဘ၀ထဲဝင်လာမယ်ဆိုရင်
ထီးတစ်ချောင်းတော့ မင်းယူခဲ့ပေါ့...
(ကိုယ်ရံတော်မှ)

ကျမ ချစ်တဲ့ “လူ”

သူ …
အဲ့ဒိလူပေါ့ …
ကျမရဲ့ ဂရုစိုက်မှုသေးသေးလေးတွေကို
အကြီးအကျယ် ခုံမင်တတ်တဲ့လူ … ။
သူ …
အဲ့ဒိလူပေါ့ …
မျှဝေတတ် ခံစားတတ် …
တခါတလေလဲ .. ပြောမရဆိုမရနဲ့
ဂျစ်တိုက် တတ်တဲ့လူ … ။
သူ …
အဲ့ဒိလူပေါ့ …
ကျမဘေးနား မတ်မတ်ရပ်
ကျမကို လုံခြုံစေတဲ့လူ … ။
သူ …
အဲ့ဒိလူပေါ့ …
သူ့ စကား ချိုချို ကြား
ကျမကို ယစ်မူး ပျော်ဝင် စေတဲ့လူ … ။
သူ …
အဲ့ဒိလူပေါ့ …
ကျမကိုယ်တိုင်အံ့သြလောက်အောင်
ကဗျာတချို့ စာတချို့ ဖြစ်တည်စေခဲ့သူ … ။
သူ …
အဲ့ဒိလူပေါ့ …
သူကလွဲရင် ဘယ်သူမှ “လူ” မထင်တော့လောက်အောင်
ခံစားချက်တချို့နဲ့ ကျမကို ရူးသွပ်စေခဲ့သူ … ။
လူ …
အဲ့ဒိသူပေါ့ …
ကျမ ချစ်တဲ့ “လူ” … ။
nge lay (PoemsCorner)

နဂါးချော့တေး (တာရာမင်းဝေ)

ကလူ ….. ကလူ လို့
ငါ့ကိုဘယ်သူချော့ရဲသလဲ
တကယ်တော့ ချော့တယ်ဆိုတာ
ပျော့ပြောင်းစေလိုရုံတင် မကပါဘူး
ဖြေသိမ့်ပေးတဲ့ သဘောလဲပါတယ်
“ခရူး…ခရူး” တဲ့
မရဏမင်းက
နှာမှုတ်သံနဲ့ ငါ့ကိုချော့ပြီ
ခြောက်ခြားထိတ်လန့်စွာ….ငါ….ကျေးဇူးတင်ပါတယ်
သူ့ကိုမှ ခွင့်လွှတ်နားလည် နိုင်သေးရင်
ကျန်တဲ့သူတွေကို ဘာမှပြောစရာမရှိဘူး မဟုတ်လား…
နဂါးချော့ တေးသွားက
နည်းနည်းတော့ခါးတာပေါ့လေ…။
တာရာမင်းဝေ
http://taryarminwaimemorial.blogspot.com/ မှကူးယူဖေါ်ပြပါသည်

သံယောဇဉ်ကြိုး

သံသယအကြည့်နဲ့ မကြည့်ပါနဲ့
တို့နှစ်ယောက်ကြား
သွေးရပ်တန့်အေးခဲစေမှာမို့
ပျက်စီးမဲ့ အကြံစိတ်ကြမ်း
မင်း စွန့်လွှတ်လိုက်စမ်းပါ .....

ရှေ့ဆက်ကြုံမယ့်
ခရီးကြမ်းတွက် အားမပျက်ပါနဲ့
ရင်ဆိုင်ဖောက်ထွက်
အေးငြိမ်းတဲ့ လမ်းဖြစ်စေဖို့
နှောင်တွယ်တင်းမဲ့ နားလည်မှုကို
မင်းရင်မှာ သိုထားပါ .....

အပြစ်မဲ့လွန်းတဲ့ စကားကြမ်းတွေဟာ
တို့နှစ်ဦးရဲ့ ယုံကြည်ချက်တွေကို

စူးရှလွန်းတဲ့ ဓားထက်ထက်နဲ့

နှလုံးသားတခုလုံး

အပိုင်းပိုင်းပြတ်သွားစေနိုင်တယ်ဆိုတာ

မင်းသိပါတယ်


တို့နှစ်ယောက်ကြားထားတဲ့သစ္စာ
ဥပေက္ခာနဲ့ ဝေးကွာဖို့မဟုတ်ပါဘူး
နှလုံးသားအသိ စွဲမြဲမိသမျှ
ထာဝရတည်လို့ ခိုင်မြဲချင်ပါတယ် .....



ဒါကြောင့် မင်းနဲ့ ငါ့ကြား
ယုံကြည် အကြည့်အားပြိုင်ဖြည့်ပြီး
သိက္ခာနဲ့ ယှဉ်တဲ့ သံယောဇဉ်ကြိုး
ခိုင်မြဲတည်လို့ ရစ်ပတ်ထားကြစို့လား ချစ်သူ...

                                                             စီးချင်းထိုးသံမှ လမင်းသာရဲ့ ကဗျားလေးကို ကြိုက်လို့တင်ထားတာပါ........................

မင်းတို့မုန်းတဲ့ဒဿ

အခုမှ ဇာတ်လမ်းက စတာ
ဒသတော့မဖြစ်ချင်ပါဘူး
အချစ်ရှုံးသမားဆိုတာ
တွေးပြီးရင်းရှုံးရင်းလေ ..
ဟေ့ကောင်ရာမ
မင်းလည်း လူဘုရင်သား
ငါလည်းနတ်ဘုရင်သား
အတူတူခြင်း တမူတော့ပိုမရှုချင်နဲ့
ငါကသီတာမုန်းတဲ့ ဒသ
မင်းက မြှောက်စားခံ ရာမ
တူတော့ဘယ်တူမှာလဲကွာ..
ငါပေးဆပ်ခဲ့တာ လူတွေမသိဘူး.
သီတာသိတယ်..
ငါ စွန့်လွှတ်ခဲ့တာ မင်းမသိဘူး
သီတာသိတယ် ..
ပြီးတော့...ငါသိပ်ချစ်တာခဲ့တာ
သီတာမသိဘူး ...
ဘယ်သူမှမသိဘူး..
ငါသိတယ် .......ဒါပေမယ့်..
ဘယ်သူ့ကိုပြောရမလဲတော့
ငါလဲမသိတော့ပါဘူး............

http://minponenya.multiply.com/

ဝေးပြီးတဲ့နောက်...

  ဆုံစည်းခွင့်မရှီတဲ့ ကာလ..
နီးစပ်ဖို့မလွယ်တဲ့ အခြေအနေတွေကြားထဲမှာ
လေလွင့်နေတဲ့....
နှလုံးသားလေးအတွက်ကြေကွဲ ....
ငါလည်းလွမ်းတာပဲ။။။။
တဖက်သတ်အတွေးတခုတည်းနဲ့တော့
တယူသန်မဆုံးဖြတ်လိုက်နဲ့။
အဝေးဆုံးက နင်နဲ့ငါဖြစ်နေလည်း
စိတ်ချင်းနှလုံးသားချင်းတော့
နီးစပ်ချင်တယ်။
တနေ့နေ့ မှာ...
ကြိုမမြင်နီုင်ဘူးဆိုတဲ့ကံတရားတွေကြောင့်
ငါတို့နှလုံးသားတွေစတေး
ပေးဆပ်ရင်လည်းပေးဆပ်ရလိမ့်မယ်။
ဒါပေမဲ့ မပြောင်းမလဲချစ်နေပါမယ်ဆိုတဲ့
ကတိနဲ့အတူ..
ငါ့နှလုံးသားတခုလုံးသော့ခတ်
အပြီးတိုင်မင့်အတွက်ထားခဲ့မယ်။
ပြန်မဆုံလည်းချန်ရဲပါစေ.....
                                                                      လေးညှို့ ဝိုင်(ကလေး)

http://minponenya.multiply.com/


ဒိုင်ယာရီအကျိုးအပဲ့

ပြောင်မြောက်လှပတဲ့ ဒဏ်ရာပါ
တသသနဲ့ လူလုံးထွက်ပြရတာအမော
ကိုယ်တိုင်ကျေနပ်မှု့တွေက သွေးစိမ်းရှင်ရှင်
အော်... ဘ၀ထဲက အမှတ်ရစရာတွေ
နှလုံးသားက အမာရွတ်တောင်အားနာပါရဲ့
ဒါ... ငါ့ဒဏ်ရာရဲ့ သွေးမှတ်တမ်း
ပြန်ကြည့်စရာမလိုတော့လောက်အောင်ကို
မှော်ဆန်ခြင်းတွေနဲ့ ကျိုးကြေခဲ့
ခြောက်အိမ်မက်တွေ ရဲရဲစီးလို့
အလိုမတူပဲ မှောက်ခဲ့ရတဲ့ရမ္မက်ချိုချို
အချစ်ဆိုတာ... မျက်လှည့်မျိုးလား
တစ်ကိုယ်တော်အလွဲတွေနဲ့
ညပြာပြာတွေမှာ မင်းကိုလွမ်းနေတုန်းပဲ
မွန်းကျပ်ခြင်းမှိုင်းငွေ့ထဲ
နှလုံးသားကိုစွဲညှစ်ခံရတဲ့ အဖြစ်
အထားအသိုမဲ့ဝါကျတွေ တစ်ခုပြီးတစ်ခုပြုတ်ကျ
ငါ့ကို ငါ လောင်ကျွမ်းနေရတဲ့ည
အချစ်ဆုံး ဆိုတဲ့
တဖွဖွရွတ်သံကြားမှာ ငါအကြိမ်ကြိမ်လွမ်းဆွေးတိုင်း
နှလုံးသွေးတို့ ပွက်ပွက်ဆူတယ်
ကောင်မလေးရယ်...
ငါ့နှလုံးသားရဲ့အော်သံကြောင့်
ပင်လယ်တွေတောင် စွံ့အ ကုန်ကြပြီ

http://minponenya.multiply.com                                  

   မှော်ကဝေ


ပြာကျခဲ့သောအိမ်မက်တခုမှာ....

လက်တွေ့မဆန်မှန်းသိပေမဲ့
နီုးတ၀က်အိပ်မက်တွေထဲ
အမှန်တကယ်ကို ရူးသွပ်ဖူးပါရဲ့........
ဟန်မဆောင်တတ်ဘူးချစ်သူ
မင်းလို
မာယာမကြွယ်တာမျိုးလည်းဖြစ်ချင်ြ
ဖစ်မှာပေါ့.
အချစ်က မကြာခဏပေါပေါပဲပဲထုတ်ယူစားသုံးစရာ
သယံဇာတတစ်မျိုးမှမဟုတ်တာပဲလေ
ဒါပေမဲ့..
နင်လက်ခံထားတဲ့အချစ်ဆိုတာက
လျှာဖျားလေးအပေါ်ခဏတာနားခိုရုံသုံးစွဲခဲ့တဲ့
စကားလုံးတခုသာဖြစ်ခဲ့မယ်ဆိုရင်တော့
အလွမ်းတွေတလှေကြီးစိုက်ပျိုးပြီ
မျှော်လင့်ချက်တွေတပွေ့တပိုက်နဲ
ရင်ခွင်နန်းတော်တခုလုံးမီးလောင်မြှိုက်နေခဲ့တဲ့
ငါကိုမြင်ရင်
နင် ဟားတိုက်ရယ်နေအုံးမယ်ထင်တယ်။။။။
  လေးညှို့ ဝိုင်(ကလေး)
http://minponenya.multiply.com/

တွယ်ရစ်ငင်..

ချစ်ခဲ့ဖူးတာပဲဆို
ဖြေသိမ့်ပေးသူမဲ့လို့
မာယာအတိ
အညာမိလဲ
စွဲမြဲတဲ့အချစ်စစ်
မေ့ဖို့ပင်ခက်လှတယ်
နင်ဘယ်ရင်ခွင်မှာလဲ?????
ချစ်ရသူမို့
စွဲလမ်းဖူးတဲ့ညင်သာအပြုံး
မာယာတွေဖုံးလို့
ရင်မှာလှိုင်းထ
နှိုင်းမရအောင်
ဝေဒနာတွေ ပြင်းထန်ပါစေ။
ငါ့စေတသိတ်မှာ
နင်သာသခင်

ငါ့အသည်းဘုရင်ပါ..                                                                                                                    မင်းပုည(ချင်းတွင်း)

http://minponenya.multiply.com/

free counters